ပန်း အနံ့လေး မွှေးပြီးသင်းနေတာ ကြိုက်ရင် ဒါယူပါ.. Vit E ပါလို့လားတော့ မသိ ငယ်ငယ်က Vit e အလုံးလေးတွေ ဖောက်လိမ်းရင် ရသလို အနံ့လေးကို မှ avo fresh လေးရော ထားတာပါ.. အနံ့လေးလဲ ပိုကြာကြာခံတယ် hydration လဲ ဖြစ်ပါတယ်..
Collagen ပါလို့ အသားမွဲခြောက်ခြောက် ဖြစ်တာ သက်သာယုံတင်မကပဲ လျော့တွဲတာတွေပါ သက်သာစေပါတယ်.. သု့အနံ့လေးက ချိုချဉ်လို လေး နဲနဲ ရပြီး မအီပဲ အသီး fresh ဖြစ်တဲ့ အနံ့လေး ရတာပါ..
Shea Butter ပါလို့ အသားချောတာ အရမ်း သိသာပါတယ်.. အနံ့က လုံးဝ မအီပဲ oatmeal နံ့လေး သင်းနေတာ.. အနံ့လေး တော်တော် ကောင်းတဲ့ထဲပါတယ်.. အသားခြောက်သူတွေ ပိုသုံးသင့်ပါတယ်..
အသားရေ မညီတဲ့သူ အသားညစ်တဲ့သူ အတွက် အဆင်ပြေတယ်.. အသီးနံ့လေးနဲ့ မို့ လန်းဆန်းစေတယ်
Sea salt ပါလို့ Exfoliation လဲပေးပြီး သဘာဝ ရေညှိကြောင့် အသားရေ စိုပြေစေတယ်..
Skin refresh အပြည့် ရစေပါတယ်.. Aloe နဲ့ နှင်းဆီ ပေါင်းထားတာမို့ အသားလဲ စိုတယ်.. အနံ့လေးလဲ အရမ်းကောင်းပါတယ်..
Dry skin အတွက် အရမ်းသင့်တော်ပါတယ်.. ရေချိုးပြီးရင် အသားလေးတွေခြောက်မသွားပဲ စိုစိုလေး ကျန်ခဲ့တယ်..
အသားရည် မွဲခြောက်ပြီး နေလောင်ခံထားရတာ ဒါမှ မဟုတ် ကြာစူတွေထပြီး အကွက်အကွက်လေးတွေဖြစ်ရင် သုံးလို့ရပါတယ်..
လန်းဆန်း အေးမြပြီး ချက်ချင်း အစိုဓါတ်ကို ရစေမယ့် lotion ပါ.
ညဖက် လိမ်းပြီး အိပ်မယ် အနံ့ကလဲ relax ဖြစ်ရမယ် hydration လဲ အပြည့်ရချင်တယ်ဆို Lavender နဲ့ ထုတ်ထားတဲ့ ဒီ lotion က အသင့်တော်ဆုံးပါ..
ပုံမှန် အသားခြောက်တာ နဲ့ လေပူ တွေ လေကြမ်းတွေကြောင့် အသားကြမ်းကြမ်း ဖြစ်နေရင် သုံးပါ..
အသား တအားခြောက်ပြီး စိုစိုပြေပြေ မရှိပဲ ဖြစ်ရင် အရမ်းအေးပြီး အသားပက်တာတွေ များရငါ ဒါလေး လိမ်းပါ..